International News

Sony ကုမ္ပဏီက ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၎င်း၏ အမြတ်ငွေ သိသိသာသာကျဆင်းနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းပြောကြား

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအကျပ်အတည်းကြောင့် ကုမ္ပဏီ၏ ၂၀၂၀ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းလည်ပတ်မှုမှရရှိသည့် အမြတ်ငွေ သည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၇ % နီးပါး (အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံခန့်) အထိ လျော့ကျသွားနိုင်ကြောင်း Sony ကုမ္ပဏီ က ခန့်မှန်းပြောဆိုခဲ့ပါသည်။

 ၂၀၂၀ ဘဏ္ဍာရေးနှစ်သည် Sony ကုမ္ပဏီအတွက် ကိုရိုနာကပ်ရောဂါ၏ သက်ရောက်မှုမှ ပြန်နာလန်ထူစေရန်နှင့် စီးပွားရေးပတ်ဝန်း ကျင်ကို ချိန်ညှိရန်အတွက် ဗျူဟာတစ်ခု ဖော်ထုတ်ဆောင်ရွက်ရန် အလွန်အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ Mr. Totoki Hiroki ပြောကြားခဲ့ကြောင်းသိရပါသည်၊။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအထိ ၃ လပတ်ကာလအတွင်း ရောင်းချခဲ့ရမှုသည် ပြီးခဲ့သည့်နှစ် ကာလတူအချိန်ကထက် ၂ % ခန့် မြင့်တက်လာခဲ့ကြောင်း တွေ့ရပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဂျပန်အစိုးရက နိုင်ငံတစ်ဝှမ်းအရေးပေါ် အခြေအနေ ကြေငြာခဲ့ပြီး  ပြည်သူများအနေဖြင့် နေအိမ်များ၌သာ နေထိုင်ခဲ့ကြသည့်အတွက်  ဂိမ်းဆော့ဖ်ဝဲလ်များ၏ ဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ သို့သော် စမတ်ဖုန်းနှင့် ဒီဂျစ်တယ်ကင်မရာ ဈေးကွက်များမှာမူ ကျဆင်းလာသည့်အတွက် ပုံရိပ် အာရုံခံကိရိယာ (Image sensors) များရောင်းချရမှု ကျဆင်းလာခဲ့ ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News